
ကြယ်တွေကခုန်နေတဲ့ ညတစ်ညရဲ့ သံစဉ်ထဲမှာ
'မ' ရဲ့ရယ်မောသံကိုပဲ ကြားနေမိတယ်...
ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ လမင်းရဲ့ရင်ခွင်ထဲမှာ
တည်ငြိမ်စွာပြုံးနေတဲ့ 'မ' ရဲ့ပုံရိပ်ကိုပဲ မြင်ယောင်နေမိတယ်......
ချစ်ခြင်းတွေ တဖျပ်ဖျပ်လင်းနေတဲ့
'မောင့်' ရင်ထဲက နှလုံးသားကို
ကကြိုးဗိမာန်တွေယှက်တဲ့
'မ' ရဲ့ရင်ခွင်မြို့လေးမှာပဲ စတေးလိုက်တော့မယ်.........
ကြယ်စင်နဲ့လမင်းကတော့ နှလုံးသားလေးရဲ့သတင်းကို
အချင်းချင်းပြောဆိုနေကြတယ်....
'မောင့်ရဲ့ ရင်ခွင်မှာ
ချစ်ခြင်းမိုးတွေနဲ့ ရွှန်းစိုတောက်ပနေပြီ' တဲ့
တကယ်ပါ 'မ' ရယ်.......
ပိုင်ဆိုင်မယ်မသေချာတဲ့ ချစ်ခြင်းရဲ့သံစဉ်အောက်မှာ
နူးညံစွာ ပျော်ကျခဲ့တဲ့ 'မောင့်'ရဲ့ နှလုံးသားကို
'မ' ရဲ့ချစ်ခြင်းတွေနဲ့ပဲ ထွေးပွေ့ပေးပါ.. မ ရယ်..