
ကြည်နူးမှုတွေနဲ့အတူ
မြူးထူးနေတဲ့ ကျွန်တော့်နှလုံးသားကို
*မ* ပစ်မုန်းမသွားပါနဲ့...
မျှော်လင့်ခြင်းတွေနဲ့အတူ
လွင်မျောနေရတဲ့ ကျွန်တော့်ကို
*မ* ရင်မောအောင် မလုပ်ပါနဲ့...
နုနုလေးပဲရှိတဲ့ ကျွန်တော့်နှလုံးသားကို
ယုယုယယလေးနဲ့တော့
*မ* ဘေးဖယ်မသွားပါနဲ့...
စွဲစွဲလန်းလန်းနဲ့ ရူးရူးမူးမူး
ချစ်ခဲ့တဲ့ ကျွန်တော့် နှလုံးသားကို
ထူးထူးဆန်းဆန်းလေးတွေနဲ့
*မ* ထူးခတ်မထားခဲ့ပါနဲ့...
မ နဲ့ ကျွန်တော်
ဘယ်တော့မှ မလွမ်းရပါစေနဲ့လို့
ဆုတောင်းရင်း ............ နဲ့ ချစ်နေမယ်.. မ ရယ်..

No comments:
Post a Comment