
သင်ကြားတုန်းကတော့
အချစ်ဆိုတဲ့ ဘာသာစကား
ဒါပေမယ့် တတ်မြောက်ခဲ့တာက
အလွမ်းဆိုတဲ့ ဘာသာရပ်
တစ်ရက်ပြီး တစ်ရက်
'မ' စိတ်နဲ့ လွမ်း
မပြောဘဲ ကြားခဲ့ရတဲ့
စကားသံတွေ နဲ့ အကြည့်လေးတွေ
အခန်းထဲ အပြည့်
မတွေ့ရပေမယ့်
မြင်မြင်နေရတဲ့
'မ' မျက်နှာလေးရယ်
ကျွန်တော့် နှလုံးခုန်သံနှင့် အမျှ
တိုးတိုးပြီး တက်လာတဲ့
တမ်းတ သတိရတဲ့ စိတ်တွေကို
မတုန့်ပြန်ရင်တောင်
မတားဆီးပါနဲ့ 'မ' ရယ်............
No comments:
Post a Comment