# # #

Friday, August 13, 2010

ဖြစ်ချင်တဲ့ မောင့်ရဲ့ စိတ်ကူးပေါ့


ရဲလေးရဲ့ မမ အတွက် . . .
စိတ်ကူးလေး တမြမြနဲ့
မနက်ဖြန် ခပ်ပါးပါးတွေကို
စီရင်ချက် မချချင်ဘူး

‘မ’ နဲ့ ဆုံတွေ့ရင် ပျော်လိုက်တယ်
‘မ’ နဲ့ ချစ်သူတြွေဖစ်ရင် . .
‘မ’ ကို ဖြည်းဖြည်းလေးနမ်းမယ်
အခြေအနေပေးရင် မနဲ့တူတူ လျှောက်လည်ချင်တယ်
နောက်ပြီး . . ဖြစ်မယ်ဆိုရင် . . .
‘မ’ ကို ရင်ခွင်ထဲမှာ တင်းတင်းလေး ပွေ့ဖက်ပြီး
တိမ်ကင်းစင်တဲ့ လမဲ့ညမှာ
ကောင်းကင်ကိုကြည့်ရင်း ကြည်နူးနေလိုက်မယ်

ဒါပေမယ့် ခုလိုမရေရာတဲ့ အခြေအနေမျိုးနဲ့
အချစ်ကို နှလုံးသားတစ်ခုအဖြစ် မဖန်ဆင်းချင်ဘူး
မသေချာတဲ့ အချစ်အတွက် မသေဆုံးချင်ဘူး
တစ်ခုတော့ရှိတယ်
ကျွန်တော် . . ‘မ မ’ ကို သိပ်မြတ်နိုးတယ်
အဲဒီမြတ်နိုးမှုဟာ ‘မ’ တစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်စေရမယ် . .
အဲဒါကိုတော့ . . ယုံပါ . . . မ..ရယ်..

No comments:

Post a Comment