# # #

Tuesday, August 17, 2010

မောင့်ရဲ့ အချစ်ရဆုံး... မ ..


ကြယ်တွေကခုန်နေတဲ့ ညတစ်ညရဲ့ သံစဉ်ထဲမှာ
'မ' ရဲ့ရယ်မောသံကိုပဲ ကြားနေမိတယ်...
ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ လမင်းရဲ့ရင်ခွင်ထဲမှာ
တည်ငြိမ်စွာပြုံးနေတဲ့ 'မ' ရဲ့ပုံရိပ်ကိုပဲ မြင်ယောင်နေမိတယ်......
ချစ်ခြင်းတွေ တဖျပ်ဖျပ်လင်းနေတဲ့
'မောင့်' ရင်ထဲက နှလုံးသားကို
ကကြိုးဗိမာန်တွေယှက်တဲ့
'မ' ရဲ့ရင်ခွင်မြို့လေးမှာပဲ စတေးလိုက်တော့မယ်.........
ကြယ်စင်နဲ့လမင်းကတော့ နှလုံးသားလေးရဲ့သတင်းကို
အချင်းချင်းပြောဆိုနေကြတယ်....
'မောင့်ရဲ့ ရင်ခွင်မှာ
ချစ်ခြင်းမိုးတွေနဲ့ ရွှန်းစိုတောက်ပနေပြီ' တဲ့
တကယ်ပါ 'မ' ရယ်.......
ပိုင်ဆိုင်မယ်မသေချာတဲ့ ချစ်ခြင်းရဲ့သံစဉ်အောက်မှာ
နူးညံစွာ ပျော်ကျခဲ့တဲ့ 'မောင့်'ရဲ့ နှလုံးသားကို
'မ' ရဲ့ချစ်ခြင်းတွေနဲ့ပဲ ထွေးပွေ့ပေးပါ.. မ ရယ်..

Friday, August 13, 2010

ဖြစ်ချင်တဲ့ မောင့်ရဲ့ စိတ်ကူးပေါ့


ရဲလေးရဲ့ မမ အတွက် . . .
စိတ်ကူးလေး တမြမြနဲ့
မနက်ဖြန် ခပ်ပါးပါးတွေကို
စီရင်ချက် မချချင်ဘူး

‘မ’ နဲ့ ဆုံတွေ့ရင် ပျော်လိုက်တယ်
‘မ’ နဲ့ ချစ်သူတြွေဖစ်ရင် . .
‘မ’ ကို ဖြည်းဖြည်းလေးနမ်းမယ်
အခြေအနေပေးရင် မနဲ့တူတူ လျှောက်လည်ချင်တယ်
နောက်ပြီး . . ဖြစ်မယ်ဆိုရင် . . .
‘မ’ ကို ရင်ခွင်ထဲမှာ တင်းတင်းလေး ပွေ့ဖက်ပြီး
တိမ်ကင်းစင်တဲ့ လမဲ့ညမှာ
ကောင်းကင်ကိုကြည့်ရင်း ကြည်နူးနေလိုက်မယ်

ဒါပေမယ့် ခုလိုမရေရာတဲ့ အခြေအနေမျိုးနဲ့
အချစ်ကို နှလုံးသားတစ်ခုအဖြစ် မဖန်ဆင်းချင်ဘူး
မသေချာတဲ့ အချစ်အတွက် မသေဆုံးချင်ဘူး
တစ်ခုတော့ရှိတယ်
ကျွန်တော် . . ‘မ မ’ ကို သိပ်မြတ်နိုးတယ်
အဲဒီမြတ်နိုးမှုဟာ ‘မ’ တစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်စေရမယ် . .
အဲဒါကိုတော့ . . ယုံပါ . . . မ..ရယ်..

အချိန်ရှိတိုင်းပဲ မ ကို ချစ်နေမယ်..



မ ကို ချိန်ရှိတိုင်းပဲ သတိရတယ်..မ ရယ်
မ နဲ့ စကားပြောရတဲ့ အချိန်ဆိုရင် အရမ်းပဲ ပျော်တယ်..
မ ရဲ့ မျက်နှာလေးကို အချိန်တိုင်းပဲ ကြည့်ချင်တယ်..
မ ကို အချိန်တိုင်းပဲ သတိရနေလို့ အိပ်ရင်တောင် မ ရဲ့ မျက်နှာလေးကို အမြဲတမ်း မြင်ယောင်နေတယ်..မ ရယ်..
မ ကို ကျွန်တော် လက်လွှတ်ဆုံးရှုံးမှာ ကြောက်နေမိတယ်...
အခုဆိုရင် မ ရဲ့ မျက်နှာလေးကို တစ်ရက်မမြင်ရရင် မနေနိုင်တော့ဘူး..
နောက်ပြီး မ ရဲ့ အသံလေးကို တစ်ရက်မကြားရရင် နေမထိထိုင်မသာဖြစ်နေတယ်... မ ရယ်...
ဖြစ်နိုင်ရင် မ နဲ့ ချိန်ရှိတိုင်းပဲ တွေ့ချင်တယ်..နော်.

Tuesday, August 10, 2010

အချစ်ဆုံး မ အတွက် နှလုံးသား ဆုတောင်


ကြည်နူးမှုတွေနဲ့အတူ

မြူးထူးနေတဲ့ ကျွန်တော့်နှလုံးသားကို

*မ* ပစ်မုန်းမသွားပါနဲ့...

မျှော်လင့်ခြင်းတွေနဲ့အတူ

လွင်မျောနေရတဲ့ ကျွန်တော့်ကို

*မ* ရင်မောအောင် မလုပ်ပါနဲ့...

နုနုလေးပဲရှိတဲ့ ကျွန်တော့်နှလုံးသားကို

ယုယုယယလေးနဲ့တော့

*မ* ဘေးဖယ်မသွားပါနဲ့...

စွဲစွဲလန်းလန်းနဲ့ ရူးရူးမူးမူး

ချစ်ခဲ့တဲ့ ကျွန်တော့် နှလုံးသားကို

ထူးထူးဆန်းဆန်းလေးတွေနဲ့

*မ* ထူးခတ်မထားခဲ့ပါနဲ့...

မ နဲ့ ကျွန်တော်

ဘယ်တော့မှ မလွမ်းရပါစေနဲ့လို့

ဆုတောင်းရင်း ............ နဲ့ ချစ်နေမယ်.. မ ရယ်..

အရမ်းပဲ ချစ်တယ်..မ ရယ်..


သင်ကြားတုန်းကတော့

အချစ်ဆိုတဲ့ ဘာသာစကား

ဒါပေမယ့် တတ်မြောက်ခဲ့တာက

အလွမ်းဆိုတဲ့ ဘာသာရပ်

တစ်ရက်ပြီး တစ်ရက်

'မ' စိတ်နဲ့ လွမ်း

မပြောဘဲ ကြားခဲ့ရတဲ့

စကားသံတွေ နဲ့ အကြည့်လေးတွေ

အခန်းထဲ အပြည့်

မတွေ့ရပေမယ့်

မြင်မြင်နေရတဲ့

'မ' မျက်နှာလေးရယ်

ကျွန်တော့် နှလုံးခုန်သံနှင့် အမျှ

တိုးတိုးပြီး တက်လာတဲ့

တမ်းတ သတိရတဲ့ စိတ်တွေကို

မတုန့်ပြန်ရင်တောင်

မတားဆီးပါနဲ့ 'မ' ရယ်............

Sunday, August 8, 2010

စ တွေ့ချင်ပဲ ရင်ခုန်မိတယ် ..မ ရယ်..




ကို စတွေ့ကတည်းက ချစ်မိနေတာပါ...

မ ကတော့ သိမယ်မထင်ပါဘူး ..ကျွန်တော် မ ကို စ မြင်မြင်ပဲ ချစ်မိသွားတယ်..

နောက် မ ရဲ့ အကြောင်းတွေကို စုံစမ်းတယ်.. ဒါပေမဲ့ အခြေအနေရ ရန်ကုန်ရောက်သွားတယ်...

အခြေအနေတွေက ပြောင်းလဲခဲ့ပေမဲ့ မ ကို ချစ်တဲ့ စိတ်က မပြောင်းလဲခဲ့ပါဘူး..

မ နဲ့ မရင်းနှီးခဲ့ပေမဲ့ မ ကို အရမ်းပဲ ခင်မင်ခွင့်ရချင်မိတယ်..

မ ကတော့ သိမယ်မထင်ခဲ့ပါဘူး..အခုမှ မ နဲ့ ခင်မင်ရလို့ ကျွန်တော်ရဲ့ ရင်ထဲက စကားလေးတွေ ပြောခွင့်ရခဲ့တယ်..

ကျွန်တော် အရမ်းပဲ ပျော်ပါတယ်.. မ ရယ်

မ ကို အခုဆိုရင် အရမ်းပဲ ချစ်မိနေတာတော့ အမှန်ပါပဲ..

မ နဲ့ အချိန်တိုင်းပဲ တွေ့ချင်မိတယ်..

မနဲ့ အချိန်တိုင်း စကားပြောချင်မိတယ်..

မ ကို ထာဝရ အရမ်းပဲ ချစ်နေမိပြီး...မ ရယ်..

ထာဝရ မောင့်ရဲ့ မ




မ နဲ့ အမြန်ဆုံး ချစ်ခွင့်ရနေမိပြီး

မ ကိုလေ အိပ်မက်ထဲမှာလဲ မ ပဲ..

စိတ် ကူးထဲမှာလဲ မ ပဲ ရှိနေတယ်..

မ ကို ည ညဆိုရင် အရမ်းပဲ တွေ့ချင်မိတယ်..

မ ရဲ့ မျက်နှာလေးကို အချိန်တိုင်းပဲ ကြည့်ချင်တယ်..မ ရယ်..

မ ကို အရမ်းပဲ ချစ်တယ်..နော်..





ကို စတွေ့ကတည်းက ချစ်မိနေတာပါ...

မ ကတော့ သိမယ်မထင်ပါဘူး ..ကျွန်တော် မ ကို စ မြင်မြင်ပဲ ချစ်မိသွားတယ်..

နောက် မ ရဲ့ အကြောင်းတွေကို စုံစမ်းတယ်.. ဒါပေမဲ့ အခြေအနေရ ရန်ကုန်ရောက်သွားတယ်...

အခြေအနေတွေက ပြောင်းလဲခဲ့ပေမဲ့ မ ကို ချစ်တဲ့ စိတ်က မပြောင်းလဲခဲ့ပါဘူး..

မ နဲ့ မရင်းနှီးခဲ့ပေမဲ့ မ ကို အရမ်းပဲ ခင်မင်ခွင့်ရချင်မိတယ်..

မ ကတော့ သိမယ်မထင်ခဲ့ပါဘူး..အခုမှ မ နဲ့ ခင်မင်ရလို့ ကျွန်တော်ရဲ့ ရင်ထဲက စကားလေးတွေ ပြောခွင့်ရခဲ့တယ်..

ကျွန်တော် အရမ်းပဲ ပျော်ပါတယ်.. မ ရယ်

မ ကို အခုဆိုရင် အရမ်းပဲ ချစ်မိနေတာတော့ အမှန်ပါပဲ..

မ နဲ့ အချိန်တိုင်းပဲ တွေ့ချင်မိတယ်..

မနဲ့ အချိန်တိုင်း စကားပြောချင်မိတယ်..